လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့၌ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ သက္ကထီးကျေးရွာတွင် မြေပြိုဘေးကြောင့်သစ်ပင်လဲကျပြီး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောနေအိမ် (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ( ၃၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၇)ဦးတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ ညနေ(၄း၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_lsd
#tny_aug 2019