
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေး ရွာအုပ်စု၊ ဇော်ချောင်းကျေးရွာ၌ (၁၀-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပိ၍ သေဆုံးခဲ့သော သေဆုံးသူ(၁)ဦးအတွက် ထောက်ပံငွေ (၃၀၀,၀၀၀/-) ကျပ်ကို (၁၄-၈-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#sgg_aug2019
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)