လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာ(၅)ရွာမှ ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၉၈)စုမှ လူဦးရေ (၇၉၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၇၁၆၀၀/-)ကျပ်အား(၁၂-၈-၂၀၁၉)ရက်နေ့ ညနေ(၅း၃၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးနှင့်အဖွဲ့၊ ခရိုင်သဘာဝဘေးကော်မတီ၊ မြို့နယ်သဘာဝဘေးကော်မတီတို့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#tny_aug 2019