လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပလောက်မြို့ခန္တီကျေးရွာမှ မြေပြိုဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၆)ဦးတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-)ကျပ်အား (၁၂-၈-၁၉)ရက်နေ့ နံနက်(၈း၃၀)တွင်လည်းကောင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက် မြေပြိုဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄၆၂၀၀/-) ကျပ်အား (၁၂-၈-၂၀၁၉)ရက်နေ့ မနက်(ရး၃၀)အချိန်တွင်လည်းကောင်း၊ ပုလောမြို့နယ်၊ သစ်လှတောကျေးရွာမှ မြေပြိုဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ်အား (၁၂-၈-၂၀၁၉)ရက်နေ့ နံနက်(၉း၃၀)အချိန်တွင်လည်းကောင်း၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာ မှ မြေပြိုဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀)ကျပ်နှင့် လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်အား (၁၂-၈-၂၀၁၉)ရက်နေ့ နံနက်(၁၁း၀၀)အချိန်တွင်လည်းကောင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_lsd
#tny_aug 2019