လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ မြေလင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၄-၈-၂၀၁၉) ရက်နေ့တွင် ကျောင်းသား/သူ (၃၀၀)ဦးခန့်နှင့် ကျေးရွာသူ/ကျေးရွာသား (၃၀) ဦးခန့်တို့ကို သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော ခဲ့ပြီး တက်ရောက်လာသူများအား စာအုပ်၊ ဘောပင်၊ ဆပ်ပြာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_aug2019
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)