အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

15_ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်း၍ စစ်တွေမြို့၊မင်းသူရိယခန်းမ၌ (၁၅-၈-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် သဘာဝဘေးအရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လူမူရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၂) ရက် ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

#otr

#rke_aug2019

Source:           ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events