Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၃)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၁၆,၈၀၀/-)ကျပ် အားလည်းကောင်း၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ဗလီဘာသာရေးအဆောက်အဦအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၁၆,၈၀၀/-)ကျပ်အား (၁၉-၈.၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #mon_aug 2019

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်တွင်(၁၄-၈-၂၀၁၉)ရက်နေ့မှ(၁၅-၈-၂၀၁၉)ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော အိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၃၈၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၄၃၈၆၀၀/-)ကျပ် တို့အား(၁၉-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #shn_aug 2019

  • သင်တန်းများဖွင့်လှစ်ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် မြန်မာနိုင်ငံဘေးအန္တရာယ်တိုင်ရာကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (MPP) တို့ ပူးပေါင်း၍ (၁၉-၈-၂၀၁၉) ရက်နေ့မှ (၂၂-၈-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်မည့် “စီးပွားရေးလုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးစီမံခန့်ခွဲမှုဆိုင်ရာနည်းပြသင်တန်း”၊ “လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းဆောင်မှုနည်းပြသင်တန်း” နှင့် (၂၃-၈-၂၀၁၉)ရက်နေ့ မှ(၂၇-၈-၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်မည့် “ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာနည်းပြသင်တန်း” တို့၏ ဖွင့်ပွဲအခမ်းအနားကို ပြည်ခရိုင်၊ ပြည်မြို့၊ ကမ်းနားလမ်း၊ ဆင်စုရပ်ကွက်ရှိ ဧရာဝတီဟိုတယ်၌ (၁၉-၈-၂၀၁၉)ရက်နေ့(၈:၃၀)နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြန်မာနိုင်ငံဘေးအန္တရာယ် တိုင်ရာကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (MPP)မှတာဝန်ရှိသူများ၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉) ရက်နေ့တွင် ဝမ္မသူးကျေးရွာ၊ (အ.ထ.က)ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်အားစုစုပေါင်း(၂၀၀)ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Sourceး မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_aug 2019

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၉) ရက်နေ့မှ(၁၂-၈-၂၀၁၉)ရက်နေ့ထိ လှိုင်းဘွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဘေးသင့်အိမ်ထောင်စု(၁၁၈)စု၊ လူဦးရေး(၅၁၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၈၃၆၀၀/-)ကျပ်၊ (၅-၈-၂၀၁၉)ရက်နေ့(၁၅း၂၀)အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကျောက်တောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၅၀၀၀/-)ကျပ်၊ (၁၁-၈-၂၀၁၉)ရက်နေ့(၀၉း၃၀)အချိန်တွင် ရွှေဂွန်းကျေးရွာအုပ်စု၊ မြို့မရပ်ကွက်၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် (၁၁-၈-၂၀၁၉)ရက်နေ့(၁၅း၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ လှကဇိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀/-)ကျပ်နှင်း လူဦးရေး(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၁၆၂၇၀၀၀/-)ကျပ်အား(၁၉-၈-၂၀၁၉)ရက်နေ့(၁၃း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး … Read more

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၁၇-၈-၂၀၁၉)ရက်နေ့ (၁၈:၃၀)အချိန်မှ (၁၉:၃၀)အချိန်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများလာပြီး မဒါန်းချောင်းရေ မြင့်တက်လာသဖြင့် ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျးရွာရှိ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၄၈)စု၊ လူဦးရေ(၂၀၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၂၁၀ဝ/-)ကျပ်အား နေပြည်တော်ကောင်စီဝင်၊ လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_fld #npw_aug 2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂းဝဝ)နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ကျိုက္ကော်)၌ ကျောင်းသား/ကျောင်းသူ အင်အားစုစုပေါင်း (၈၀၀)ဦးခန့်ကို ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug 2019

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အကြံပေးပညာရှင်များနှင့်ညှိနှိုင်းဆွေးနွေးမှုသတင်း

    ၁၈-၈-၂၀၁၉၊ရန်ကုန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံး၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏အကြံပေးပညာရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။ အကြံပေးပညာရှင်များက ဆွေးနွေးရာတွင်အကြံပြုချက်များနှင့်ပတ်သက်၍ အကျိုးဖြစ်ထွန်းမှုနှင့်ထိရောက်စွာဆောင်ရွက်နိုင်မှုအခြေအနေကို သိရှိလိုကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကခန့်မှန်းထုတ်ပြန်ချက်အရ မိုးလယ်ကာလများတွင် မြန်မာနိုင်ငံအောက်ပိုင်းတွင်မိုးများနိုင်ပြီးမိုးနှောင်းပိုင်းတွင် မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးပိုနိုင်မည်ဖြစ်ကြောင်း နှင့်၎င်းတို့၏ အကျိုးဆက်များကိုသတိထားရန်လိုအပ်ကြောင်း၊ အချိန်တိုအတွင်းမိုးများများရွာသွန်းခြင်းသည်မြေပြိုအန္တရာယ်ရှိနိုင်ကြောင်း၊ ဆည်များ၏အခြေအနေ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်ရေအခြေအနေနှင့်ပတ်သက်၍ ဧရာဝတီတိုင်းတွင်တာများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေကြီးရေလျှံဘေးအန္တရာယ်ဖြစ်ပွားနိုင်မှုအခြေအနေများကိုခရိုင်၊ မြို့နယ်အလိုက် Mapping ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိုးကြိုကာလတွင်သဘာဝဘေးခံနိုင်အောင်ဆောင်ရွက်ထားရှိရန်နှင့်ရေပိုလွှဲမှရေများစနစ်တကျ စီးဆင်းမှုရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်ပေါင်မြို့နယ်မြေပြိုမှုဖြစ်စဉ်အတွက်ကွင်းဆင်းလေ့လာဆန်းစစ်မှုကိုဆောင်ရွက်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးကတနင်္သာရီနှင့်ကျိုက်မရောမြို့နယ်တို့တွင်နှစ်စဉ်ရေကြီးမှုဖြစ်စဉ်နှင့်ပတ်သက်၍ဆက်စပ်သောမြစ်များ၏အခြေအနေကိုလိုအပ်သောပညာရပ်ဆိုင်ရာဆန်းစစ်လေ့လာမှုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ပညာရှင်များ၏အကြံပြုချက်များကိုအလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း၊ပညာရှင်များကလည်းအစိုးရ၏လိုအပ်ချက်အရအကြံပေးတင်ပြခြင်း၊လိုအပ်သောစီမံချက်များရေးဆွဲတင်ပြခြင်းများပြုလုပ်ပေးပါရန်နှင့်အကြံပေးအဖွဲ့ဝင်များ၏အစည်းအဝေးများကိုပုံမှန်ကျင်းပသွားရန်ဆွေးနွေးပြောကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။ Sourceး MOSWRR #hl1 #ygn_aug2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉)ရက်နေ့(၀၉း၃၀)နာရီတွင် ရခိုင်ပြည်နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ စုစုပေါင်း အင်အား(၅၀)ဦးတို့အား စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ သဘာဝဘေးကြိုတင်တကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင် (၅၀)ခုနှင့် နံရံကပ်ပိုစတာ(၂၀)ခုတို့အား ဖြန့်ဝေဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_aug 2019

Sign Up

Upcoming Events