Author Archives: Department of Disaster Management
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ရခိုင်ပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၂၁)စု၊ လူဉီးရေ(၈၄)ဉီးတို့အတွက် ဆန်ရိက္ခာ(၁)လစာ(၂၆)အိတ်၊(၆)ပြည်တို့အား (၄-၁၀-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_oct2019 Source: ရခိုင်ပြည်နယ်ဉီးစီးမှူးရုံး(ဘစမ)
-
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၄-၁၀-၂၀၁၉) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာအုပ်စု၊ ရန်ကင်း စံရာရွာမကျေးရွာ၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၂၀၀) ဦးခန့်ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင်၊ ညောင်တုန်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သဇင်ထွန်း … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင် World Food Programme မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ Regional Director အား လက်ခံတွေ့ဆုံ
၄-၁၀-၂၀၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် သည် World Food Programme မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ Regional Director ဖြစ်သူ John Aylieff နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် WFP တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ် ကျရောက်သောနေရာများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးနေမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ သိုလှောင်ရုံများ အဆင့်မြှင့်တင်ပြုပြင်ပေးနေမှုများ၊ … Read more
-
(၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
အောက်တိုဘာ ၄ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအထိမ်းအမှတ်နေ့၊ (၇)ကြိမ်မြောက် အာဆီယံသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများညီလာခံကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး အလှည့်ကျ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆောင်ရွက်၍ ဖိလစ်ပိုင်နိုင်ငံ၊ ပြည်သူ့ရေးရာကာကွယ်ရေးရုံးမှ Assistant Secretary, Deputy Administrator for Administration … Read more
-
ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ တစ်ဖက်ကမ်း၌ (၂-၁၀-၂၀၁၉) ရက်နေ့တွင် ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရပြည်သူ (၁) ဦးအတွက်ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကို (၄-၁၀-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ မြင်းခြံမြို့နယ်၊ ပေတောကျေးရွာအုပ်စု၊ ကံဦးကျေးရွာတွင် (၃-၁၀-၂၀၁၉) ရက်နေ့ (၁၆:၁၅) အချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ မန်ကျည်းပင်လဲကျခဲ့ရာ ပြိုကျပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁)စု၊ စုစုပေါင်းလူဦးရေ (၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးအိမ်ထောင်စု (၁) စုစာတို့ကို (၄-၁၀-၂၀၁၉) ရက်နေ့တွင် … Read more
-
မီးဘေးသင့်ကျောင်းဆောင်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရမှု ဦးစီးဌာန၊ ကျောက်မဲခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ မိုင်းလင်းကျေးရွာအုပ်စု၊ မြောက်ရွာ ဘုန်းတော်ကြီးကျောင်း၌ (၂-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးအတွက် ကျောင်းဆောက် ပစ္စည်းဖိုးအလှူငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ သံဃာ(၁၅)ပါးအတွက် ဒွိစုံ(၁၅)စုံ (၁၅၁,၀၀ဝ/-)ကျပ်၊ ဆွမ်းဆန်ဖိုးငွေ (၃၁,၅၀ဝ/-)ကျပ်၊ ပျံလွန်တော်မူသွားသော ကိုရင်(၁)ပါးအတွက် (၃၀၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းလှူဒါန်းငွေ (၇၈၂,၅၀ဝ/-)ကျပ်အား (၃-၁၀-၂၀၁၉) ရက်နေ့ (၁၄:၃၀) နာရီတွင် သီပေါမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သံဃာတော်များအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_oct2019 Source: ကေျာက်မဲခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမျိုးသားကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦးတို့အတွက်လည်းကောင်း၊ ကရုချောင်းဘုန်းတော်ကြီး ကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၇)စု၊ လူဦးရေ(၂၉)ဦးတို့အတွက်လည်းကောင်း၊ ဃောသိတာရုံ ကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၂)ဦးတို့အတွက်လည်းကောင်း၊ ငတောက်ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးတို့အတွက်လည်းကောင်း ဆန်ရိက္ခာ(၁)လစာ ဆန်(၁၈)အိတ်၊ (၃)ပြည်ကို (၃-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်အတွင်းမှ စစ်တွေမြို့၊ ဓမ္မာရာမကျောင်းတိုက်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၆၁) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန်(၈)အိတ်၊ (၂၁)ပြည်၊ (၄)ဘူး တို့ကို (၃-၁၀-၂၀၁၉) ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပညီလာခံပိတ်ပွဲသို့တက်ရောက်ခြင်းနှင့် Korea Disability Development Institute (KODDI)အဖွဲ့နှင့် တွေ့ဆုံ
#hl1 #npw_0ct2019 နေပြည်တော်၊ အောက်တိုဘာ ၃ ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ဆိုးလ်မြို့၊ Westin Chosun ဟိုတယ်တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ လုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ညီလာခံသို့ အာရှနှင့်ဥရောပနိုင်ငံများမှ သက်ကြီးရွယ်အိုနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးဌာနများမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ASEM Global Ageing Centre မှတာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ကြီးရွယ်အို ကိစ္စ ရပ်များဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သော … Read more
