
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၄-၁၀-၂၀၁၉) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာအုပ်စု၊ ရန်ကင်း စံရာရွာမကျေးရွာ၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၂၀၀) ဦးခန့်ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင်၊ ညောင်တုန်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သဇင်ထွန်း လက်ထောက်ညွှန်ကြားရေးမှူးမှ ဇာတ်တိုက်လေ့ကျင့် ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့၍ ကျေးရွာသဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့သို့ Hand Speaker၊ Life Jacket၊ Radio များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)