ဒုတိယဝန်ကြီး ဦးစိုးအောင် World Food Programme မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ Regional Director အား လက်ခံတွေ့ဆုံ

5_Pic_01

 
၄-၁၀-၂၀၁၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် သည် World Food Programme မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ Regional Director ဖြစ်သူ John Aylieff နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် WFP တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ် ကျရောက်သောနေရာများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးနေမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ သိုလှောင်ရုံများ အဆင့်မြှင့်တင်ပြုပြင်ပေးနေမှုများ၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်းအတွက် နည်းပညာပိုင်း ဆိုင်ရာအထောက်အကူပစ္စည်းများ အကူအညီပေးနေမှုများ၊ သိုလှောင်ရုံများတွင် ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှု စနစ်များဆိုင်ရာ သင်တန်းပို့ချပေးနေမှုများ၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်း၍ သဘာဝဘေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု၊ တုန့်ပြန်မှု၊ ထောက်ပံ့ ပို့ဆောင်မှုလုပ်ငန်းများအတွက် ရှေ့ဆက်ဆောင်ရွက်မည့်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်မည့် ကိစ္စရပ်များ၊ WFP အနေဖြင့် စားနပ်ရိက္ခာအပြင် ငွေကြေးထောက်ပံ့မှုအစီအစဉ်ပါ ဆောင်ရွက်ပေးနိုင်ရန် အတွက် စီမံနေမှုများနှင့်ပတ်သက်သည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#npw_oct2019
Source: MSWRR

Sign Up

Upcoming Events