လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

4_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ မြင်းခြံမြို့နယ်၊ ပေတောကျေးရွာအုပ်စု၊ ကံဦးကျေးရွာတွင် (၃-၁၀-၂၀၁၉) ရက်နေ့ (၁၆:၁၅) အချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ မန်ကျည်းပင်လဲကျခဲ့ရာ ပြိုကျပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁)စု၊ စုစုပေါင်းလူဦးရေ (၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးအိမ်ထောင်စု (၁) စုစာတို့ကို (၄-၁၀-၂၀၁၉) ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mdy_oct2019

Source: မြင်းခြံမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events