တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

4_Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်အတွင်းမှ စစ်တွေမြို့၊ ဓမ္မာရာမကျောင်းတိုက်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၆၁) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန်(၈)အိတ်၊ (၂၁)ပြည်၊ (၄)ဘူး တို့ကို (၃-၁၀-၂၀၁၉) ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#rke_oct2019

Source:           စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events