တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

4_Pic_03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမျိုးသားကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦးတို့အတွက်လည်းကောင်း၊ ကရုချောင်းဘုန်းတော်ကြီး ကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၇)စု၊ လူဦးရေ(၂၉)ဦးတို့အတွက်လည်းကောင်း၊ ဃောသိတာရုံ ကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၂)ဦးတို့အတွက်လည်းကောင်း၊ ငတောက်ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးတို့အတွက်လည်းကောင်း ဆန်ရိက္ခာ(၁)လစာ ဆန်(၁၈)အိတ်၊ (၃)ပြည်ကို (၃-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#rke_oct2019

Source:           စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events