Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဗလီဒေါင့် ကျေးရွာအုပ်စု၊ ပန်းပင်ဆိပ်ကျေးရွာ၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-) ကျပ်တို့ကို (၁၆-၁၀-၂၀၁၉) ရက်နေ့၊ (၁၇:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယုချောင်းဖျားကျေးရွာ၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျ နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာ၊ care myanmar ပိုက်ဖျာ (၁) ချပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့ကို (၁၆-၁၀-၂၁၀၉) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွား ခဲ့သော တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှ မိုးကြိုးဘေးသင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်နှင့် ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်တို့ကို (၁၂-၁၀-၂၀၁၉) ရက်နေ့ (၁၂:၃၀) အချိန်၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #tny_oct2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အကြိုလှုပ်ရှားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ဖျာပုံမြို့ဂေါက်သီးအားကစားကွင်းအတွင်းရှိ မြေနေရာများ၌ တယ်ပင်ပေါက် အပင် (၃၀) အားစိုက်ပျိုးခြင်းအခမ်းအနားကို ဖျာပုံမြို့လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် လူဦးရေ (၃၅) ဦးတက်ရောက်ကာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၀-၂၀၁၉)ရက်နေ့၊ (၁၈:၃၀) နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ပိုင်းကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၉၀,၀၀၀)ကျပ်၊ လူဦးရေ(၃)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်း (၉၆,၃၀၀)ကျပ်အား (၁၀-၁၀-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mon_oct2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၀-၂၀၁၉)ရက်နေ့၊ (၁၄:၀၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀)ကျပ်၊ လူဦးရေ(၁၀)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၂၁,၀၀၀)ကျပ်၊ စုစုပေါင်း(၂၂၁,၀၀၀)ကျပ်အား (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် သထုံခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #mon_oct2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၁၉) ရက်နေ့(၁၇:၀၀)နာရီအချိန်၌ ကလေးမြို့၊ရာဇဂြိုလ်ကျေးရွာတွင် ဘောလုံးကွင်းအတွင်း မောင်ထန်လမ်ပြောင်သည် အနားယူနေစဥ် မိုးကြိုးပစ်ခံရ၍ သေဆုံးသူတစ်ဦးတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀)ကျပ်ကို (၁၁-၁၀-၂၀၁၉)ရက်နေ့ (၀၈:၃၀)နာရီအချိန်တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ရုံးခန်း၌ အုပ်ချုပ်ရေးမှူးနှင့်အတူ ထောင်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_oct2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အာရှနှင့်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Mr. Indrika Ratwatte နှင့် တွေ့ဆုံ
အောက်တိုဘာ ၁၁ ဂျီနီဗာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ အမှုဆောင်ကော်မတီအစည်းအဝေး တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသညွှန်ကြားရေးမှူး Mr. Indrika Ratwatte နှင့် (၁၀-၁၀-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဖွဲ့ရုံး၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် UNHCR အနေဖြင့် ရခိုင်ပြည်နယ်တွင် ထိရောက်မှုမြန်ဆန်သည့် စီမံကိန်း (Quick Impact Project – … Read more
-
ခရီးသည်တင်ယာဉ်မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်း၊ သဲပုံဆိပ်ဆိပ်ကမ်းတွင် (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် အောင်ချမ်းသာ (၁)ခရီးသည်တင်ယာဉ် မီးလောင်မှုကြောင့် သေဆုံးသွားသူ (၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃) ဦးအတွက် (၁၀-၁၀-၂၀၁၉) ရက်နေ့ ညနေ(၁၈:၃၀)အချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဘေးသင့်ပြည်သူများမိသားစုဝင်များထံ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_oct2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒုတိယဝန်ကြီး ဦးစိုးအောင် မြင်းခြံခရိုင်အတွင်း လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
အောက်တိုဘာ ၁၀၊ မြင်းခြံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး မိဘဆရာအသင်း တာဝန်ရှိသူများ၊ မူလတန်းကြိုကျောင်းအုပ်နှင့်ဝန်ထမ်းများအား တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ကလေးများ ပြုစုစောင့်ရှောက်ရာတွင် ဘက်စုံဖွံ့ဖြိုးအောင်ပြုစုစောင့်ရှောက်သွားကြရန်၊ သင်ကြား နည်းစနစ် များကိုလည်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းစနစ်များနှင့် အညီပြုစုစောင့်ရှောက်သွားရန်၊ သင်ကြားမှုနည်းစနစ်များကိုလည်း ခေတ်နှင့်လျော်ညီမှုရှိစေရန် စဉ်ဆက်မပြတ်လေ့လာသင်ယူသွားကြရန် ကလေးများ၏ တစ်နေ့တာအာဟာရ ကွျွေးမွေးမှု နှုန်းထားမှာ ယခင် ၃၅၀-ကျပ် သာနိုင်ငံတော်မှ … Read more
