ဒုတိယဝန်ကြီး ဦးစိုးအောင် မြင်းခြံခရိုင်အတွင်း လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 
11_Pic_01
 
အောက်တိုဘာ ၁၀၊ မြင်းခြံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး မိဘဆရာအသင်း တာဝန်ရှိသူများ၊ မူလတန်းကြိုကျောင်းအုပ်နှင့်ဝန်ထမ်းများအား တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ကလေးများ ပြုစုစောင့်ရှောက်ရာတွင် ဘက်စုံဖွံ့ဖြိုးအောင်ပြုစုစောင့်ရှောက်သွားကြရန်၊ သင်ကြား နည်းစနစ် များကိုလည်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းစနစ်များနှင့် အညီပြုစုစောင့်ရှောက်သွားရန်၊ သင်ကြားမှုနည်းစနစ်များကိုလည်း ခေတ်နှင့်လျော်ညီမှုရှိစေရန် စဉ်ဆက်မပြတ်လေ့လာသင်ယူသွားကြရန် ကလေးများ၏ တစ်နေ့တာအာဟာရ ကွျွေးမွေးမှု နှုန်းထားမှာ ယခင် ၃၅၀-ကျပ် သာနိုင်ငံတော်မှ သတ်မှတ်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ တွင် ၅၀၀-ကျပ်သို့ တိုးမြှင့်သတ်မှတ်ထားသဖြင့် အာဟာရကျွေးမွေးမှုတွင် ပိုမိုကောင်းမွန် စွာ ကျွေးမွေးသွားရန် လိုအပ်ပါကြောင်း၊ မိဘဆရာအသင်းအနေဖြင့်လည်းကျောင်း၏ တိုးတက်ရာ တိုးတက်ကြောင်း ညှိနှိုင်းအကြံပြုဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ယင်းနောက် ရုံးစည်ကြီး ကျေးရွာ မူကြိုကျောင်းသွားရာ လမ်းပြုပြင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက ထောက်ပံ့ငွေကျပ် (၁၀)သိန်းတိတိကို ရပ်မိ/ရပ်ဖများသို့ပေးအပ် ထောက်ပံ့ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မူကြိုကလေးငယ်များအား ကစားစရာအရုပ်နှင့် စားစရာမုန့် များ ပေးဝေခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့နယ် ဖက်ရင်းကျေးရွာ အနန္တမေတ္တာ ဓမ္မဗိမာန်သို့ရောက်ရှိပြီး သက်ကြီးရွယ်အိုများ၏ ဦးဆောင်မှုဖြင့် ရပ်ရွာဒေသ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ပေးနေသော လူမှုအားမာန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မိမိတို့ လူမှုအားမာန်အဖွဲ့ကို လူမှုဝန်ထမ်းဦးစီးဌာန၏ ဦးဆောင်မှု အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများအဖွဲ့၏ နည်းပညာငွေကြေးပံပိုးကူညီမှုဖြင့် (၆-၄-၂၀၁၉) ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ လူမှုအားမာန်အဖွဲ့ ဖွဲ့စည်းရာတွင် သက်ကြီး ၇၀%၊ လူငယ် ၃၀% နှင့် အမျိုးသမီး ၅၀% တို့ဖြင့်ဖွဲ့စည်းထားပါကြောင်း၊ အသင်းဝင်ထဲမှ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ပြုစုထောက်ပံ့ပေးလျက်ရှိပြီး သက်ကြီးရွယ်အိုများ၊ မသန်စွမ်း၊ ကိုယ်ဝန် ဆောင်မိခင်များအား အာဟာရကျွေးမွေးခြင်း သက်ကြီးပူူဇော်ပွဲများ ကျင်းပခြင်းများပြုလုပ် ပေးလျက်ရှိပါကြောင်း၊ အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် တိုးမြှင့်ရေးအတွက် လူမှုကာကွယ် စောင့်ရှောက်ရေး သင်တန်းများ ဖွင့်လှစ်ခဲ့နိုင်ပါကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက မိမိတို့အစိုးရသစ်လက်ထက်တွင် လူမှုရေးပင်စင်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၉၀) နှင့်အထက် စတင်ထောက်ပံ့ခဲ့ရာမှ ယခု (၈၅) နှစ်အထိ အသက်လျော့ချကာ (၈၅)နှစ်အထက်ဘိုးဘွားများအား (၁) လ လျင်တစ်သောင်း ကျပ်နှုန်း ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ယခုတက်ရောက်လာသည့် အသက်(၇၅) နှစ်မှ (၈၅) နှစ်အတွင်း ဘိုးဘွားများအား သီတင်းကျွတ်အခါသမယ၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့နှင့်တိုက်ဆိုင်နေသဖြင့် ထောက်ပံ့လှူဒါန်းမည် ဖြစ်ပါကြောင်း ပြောကြားကာ ဦးစီးဌာန ရန်ပုံငွေမှ တစ်ဦးလျင် ငွေကျပ်(၃၀၀၀၀ိ/) နှုန်းဖြင့် ဘိုးဘွား(၈၅)ဦးအား ငွေကြေးထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် အတူလိုက်ပါလာသော မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့််က အားပေးစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသည့် ဘိုးဘွားများအား ငွေကြေးထောက်ပံ့ခဲ့ပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့သည် မြင်းခြံမြို့ နယ်၊ တပ်ကျေးရွာ ရွှေဘုံသာကန်ကြီးကျောင်းတိုက်တွင် လူမှုအားမာန်အဖွဲ့များနှင့် တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကာ အသက်(၇၅)နှစ်မှ(၈၅)နှစ်အတွင်း အဘိုးအဘွား (၁၀)ဦးအား တစ်ဦးလျင် ငွေကျပ် (၃၀၀၀၀ိ/)နှုန်းဖြင့်ငွေကြေးများ ထောက်ပံ့ခဲ့ပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့ မူလတန်းကြိုကျောင်းသို့ သွားရောက်ခဲ့ပြီး မူကြိုကလေးငယ်များအား အရုပ်နှင့် စားစရာမုန့်များ ပေးဝေခဲ့ပါသည်။
ဆက်လက်၍ ဒုဝန်ကြီးနှင့် အဖွဲ့သည် မြင်းခြံမြို့ ဘိုးဘွားရိပ်သာသို့ ရောက်ရှိခဲ့ပြီး ဘိုးဘွား ရိပ်သာ ကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံကာ မတည်အလှူငွေ (၅)သိန်းကျပ် ထောက်ပံ့ခဲ့ ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် မြင်းခြံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန ရုံးဆောက်လုပ်မည့် မြေနေရာအား သွားရောက်ကြည့်ရှု၍ ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခွင့် ရရှိထားသော အဆောက်အဦး ဆောက်လုပ်ရန် လျာထားမှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: MSWRR
#mdy_oct2019

Sign Up

Upcoming Events