လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

16_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဗလီဒေါင့် ကျေးရွာအုပ်စု၊ ပန်းပင်ဆိပ်ကျေးရွာ၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-) ကျပ်တို့ကို  (၁၆-၁၀-၂၀၁၉) ရက်နေ့၊ (၁၇:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_oct2019

Source:           ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events