ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

11_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၀-၂၀၁၉)ရက်နေ့၊ (၁၄:၀၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀)ကျပ်၊ လူဦးရေ(၁၀)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၂၁,၀၀၀)ကျပ်၊ စုစုပေါင်း(၂၂၁,၀၀၀)ကျပ်အား (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် သထုံခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#mon_oct2019
 
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events