လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွား ခဲ့သော တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှ မိုးကြိုးဘေးသင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်နှင့် ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်တို့ကို (၁၂-၁၀-၂၀၁၉) ရက်နေ့ (၁၂:၃၀) အချိန်၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#tny_oct2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)