လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်း၊ သဲပုံဆိပ်ဆိပ်ကမ်းတွင် (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် အောင်ချမ်းသာ (၁)ခရီးသည်တင်ယာဉ် မီးလောင်မှုကြောင့် သေဆုံးသွားသူ (၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃) ဦးအတွက် (၁၀-၁၀-၂၀၁၉) ရက်နေ့ ညနေ(၁၈:၃၀)အချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဘေးသင့်ပြည်သူများမိသားစုဝင်များထံ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)