Author Archives: Department of Disaster Management

  • ကပ္ပလီပင်လယ်ပြင်အခြေအနေ

    (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်) (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် နောက်(၃၆)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။”

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကျားရဲ ကျေးရွာအုပ်စု၊ မန်တိုင်ကျေးရွာ၊ ဝင်္ကပါကျေးရွာနှင့် ကျောတန်းကြီးကျေးရွာတို့၌ (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁၇)လုံး၊ အမိုးလန်ပျက်စီး နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၀၀၀,၀၀၀)ကျပ်၊ လူဦးရေ (၁၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၂၃၅,၂၀၀) ကျပ်၊ သီရီလင်္ကာရဓမ္မပါရဘုန်းကြီးကျောင်းအမိုးလန် ပျက်စီး (၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂,၃၃၅,၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁၇)အိမ်ထောင်စာ -စုစုပေါင်း (၅၅၀,၀၀၁) … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာ (၃၀) ရက်နေ့တွင် မြသိန်းတန်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာနှင့် အေးရွာကျေးရွာ တို့တွင် လေဘေးဖြစ်ပွားခဲ့ခြင်းကြောင့် ဘေးသင့်ပြိုလဲအိမ်ခြေ (၂) အိမ်၊ အမိုးလန်(၁) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉၉၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စုစာတို့ကို အောက်တိုဘာလ (၃၁) ရက်နေ့တွင်သွားရောက်ထောက်ပံခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၃၁-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ သည့်နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာ၇ရက်စာ (၂၅,၂၀၀) ကျပ်၊ အိမ် ဆောက် ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၂၅,၂၀၀)ကျပ်အား (၁-၁၁-၂၁၀၉)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူကမ်းပြို ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #ayy_nov2019 Source: … Read more

  • တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ဘဝင်ကျေးရွာအုပ်စု၌ (၂၁.၁၀.၂၀၁၉)ရက်နေ့ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် တစိတ်တပိုင်းပျက်စီးအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀,၀၀ဝ) ကျပ်၊ ယင်းအိမ်ထောင်စု(၃)စု မှ လူဉီးရေ (၁၃) ဉီးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၂၇,၃၀ဝ)ကျပ်၊ စုစု ပေါင်း(၈၇,၃၀ဝ)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သံတွဲခရိုင်ဉီးစီးမှူးရုံး တာဝန်ရှိသူများမှ ဘေးသင့်သူများလက်ဝယ် အရောက် (၂-၁၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_dce #rke_nov2019 Source: သံတွဲခရိုင်ဉီးစီးမှူးရုံး(ဘစမ)

  • ဘေးသင့်ပြည်သူများအတွက် ထောက်ပံပေးအပ်မှုသတင်း

    ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တောင်ဘက်ပိုင်းရပ်ကွက်တွင် (၂၉-၁၀-၂၀၁၉)ရက်နေ့(၁၈:၀၀)နာရီ အချိန်၌ မိုးကြိုးထိမှန်မှုကြောင့် (ဘ)ဦးဘကြိုင်(သား)ဉီးဇော်မင်းထွန်းအသက်(၃၅)နှစ်မှာ သေဆုံးခဲ့သောကြောင့် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်နှင့် တွံတေးမြို့နယ်၊ မာလကာရာဘာခြံကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာတွင် (၃၁-၁၀-၂၀၁၉) ရက်နေ့ (၁၅:၄၅) နာရီအချိန်တွင် လေပြင်းတိုက်ခတ်၍ ပြိုကျကျက်စီးအိမ်ခြေ(၁)လုံး အမိုးလန် အိမ်ခြေ (၁) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၀၀,၀၀ဝ)ကျပ်၊ အိမ်ထောင်စု(၂)စုမှ လူဉီးရေ (၈) ဉီးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၆,၈၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁)အိမ်ထောင်စုစာ စုစုပေါင်း ထောက်ပံ့ငွေ (၄၁၆,၈၀၀)ကျပ်တို့အား (၁-၁၁-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီး ဌာန၊ရန်ကုန်တိုင်းဒေသကြီးဉီးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများ၊ … Read more

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၃၁-၁၀-၂၀၁၉)ရက်နေ့ (၁၈:၀၀)အချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်း ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်ကျေးရွာ(မ)ကျေးရွာ၊ ဝက်စုကျေးရွာ၊ သက်နှင်းအင်းကျေးရွာအုပ်စု၊ သက်နှင်းအင်းကျေးရွာ၊ သစ်တပ်ကျေးရွာအုပ်စု၊သပြေပင်ကျေးရွာ၊ သစ်တပ်ကျေးရွာ၊ ရှားစေးဖိုးကျေးရွာ၊ ကြိုပင်ကျေးရွာတို့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၄၇)လုံးနှင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေ (၁,၆၈၁,၀၀၀)၊ ဘေးသင့်လူဦးရေ (၂၀၃) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၄၂၆,၃၀၀)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂,၁၀၇,၃၀၀)တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၉)ရက်နေ့ (၁၃:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ တွင် (၃၁-၁၀-၂၀၁၉) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၈၀၀,၀၀၀) ကျပ်၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၆၅,၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၆၅,၁၀၀) ကျပ်ကို (၁-၁၁-၂၀၁၉)ရက်နေ့ (၁၅:၀၀)အချိန်တွင်လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၈) … Read more

  • လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ (၃/၂၀၁၉) အစည်းအဝေးကျင်းပ

    နိုဝင်ဘာ ၁၊ နေပြည်တော် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးကော်မတီ၏(၃/၂၀၁၉)အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးမှာ ကော်မတီ ၏ တတိယအကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ကော်မတီအား (၇.၁.၂၀၁၉) ရက်နေ့ တွင်နိုင်ငံတော်သမ္မတရုံးမှဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ယခင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ အရ လက်နက်ကိုင် … Read more

Sign Up

Upcoming Events