ဘေးသင့်ပြည်သူများအတွက် ထောက်ပံပေးအပ်မှုသတင်း

2_Pic_01
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တောင်ဘက်ပိုင်းရပ်ကွက်တွင် (၂၉-၁၀-၂၀၁၉)ရက်နေ့(၁၈:၀၀)နာရီ အချိန်၌ မိုးကြိုးထိမှန်မှုကြောင့် (ဘ)ဦးဘကြိုင်(သား)ဉီးဇော်မင်းထွန်းအသက်(၃၅)နှစ်မှာ သေဆုံးခဲ့သောကြောင့် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်နှင့် တွံတေးမြို့နယ်၊ မာလကာရာဘာခြံကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာတွင် (၃၁-၁၀-၂၀၁၉) ရက်နေ့ (၁၅:၄၅) နာရီအချိန်တွင် လေပြင်းတိုက်ခတ်၍ ပြိုကျကျက်စီးအိမ်ခြေ(၁)လုံး အမိုးလန် အိမ်ခြေ (၁) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၀၀,၀၀ဝ)ကျပ်၊ အိမ်ထောင်စု(၂)စုမှ လူဉီးရေ (၈) ဉီးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၆,၈၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁)အိမ်ထောင်စုစာ စုစုပေါင်း ထောက်ပံ့ငွေ (၄၁၆,၈၀၀)ကျပ်တို့အား (၁-၁၁-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီး ဌာန၊ရန်ကုန်တိုင်းဒေသကြီးဉီးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_tls_sgw
#ygn_nov2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events