လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၃၁-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ သည့်နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာ၇ရက်စာ (၂၅,၂၀၀) ကျပ်၊ အိမ် ဆောက် ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၂၅,၂၀၀)ကျပ်အား (၁-၁၁-၂၁၀၉)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူကမ်းပြို ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)