ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ဘဝင်ကျေးရွာအုပ်စု၌ (၂၁.၁၀.၂၀၁၉)ရက်နေ့ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် တစိတ်တပိုင်းပျက်စီးအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀,၀၀ဝ) ကျပ်၊ ယင်းအိမ်ထောင်စု(၃)စု မှ လူဉီးရေ (၁၃) ဉီးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၂၇,၃၀ဝ)ကျပ်၊ စုစု ပေါင်း(၈၇,၃၀ဝ)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သံတွဲခရိုင်ဉီးစီးမှူးရုံး တာဝန်ရှိသူများမှ ဘေးသင့်သူများလက်ဝယ် အရောက် (၂-၁၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: သံတွဲခရိုင်ဉီးစီးမှူးရုံး(ဘစမ)