လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

2_Pic_01 2_Pic_02
(၃၁-၁၀-၂၀၁၉)ရက်နေ့ (၁၈:၀၀)အချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်း ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်ကျေးရွာ(မ)ကျေးရွာ၊ ဝက်စုကျေးရွာ၊ သက်နှင်းအင်းကျေးရွာအုပ်စု၊ သက်နှင်းအင်းကျေးရွာ၊ သစ်တပ်ကျေးရွာအုပ်စု၊သပြေပင်ကျေးရွာ၊ သစ်တပ်ကျေးရွာ၊ ရှားစေးဖိုးကျေးရွာ၊ ကြိုပင်ကျေးရွာတို့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၄၇)လုံးနှင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေ (၁,၆၈၁,၀၀၀)၊ ဘေးသင့်လူဦးရေ (၂၀၃) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၄၂၆,၃၀၀)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂,၁၀၇,၃၀၀)တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၉)ရက်နေ့ (၁၃:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#npw_nov2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events