လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

2_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကျားရဲ ကျေးရွာအုပ်စု၊ မန်တိုင်ကျေးရွာ၊ ဝင်္ကပါကျေးရွာနှင့် ကျောတန်းကြီးကျေးရွာတို့၌ (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁၇)လုံး၊ အမိုးလန်ပျက်စီး နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၀၀၀,၀၀၀)ကျပ်၊ လူဦးရေ (၁၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၂၃၅,၂၀၀) ကျပ်၊ သီရီလင်္ကာရဓမ္မပါရဘုန်းကြီးကျောင်းအမိုးလန် ပျက်စီး (၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂,၃၃၅,၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁၇)အိမ်ထောင်စာ -စုစုပေါင်း (၅၅၀,၀၀၁) ကျပ်တို့အား (၁-၁၀-၂၀၁၉) ရက်နေ့(၁၂:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_nov2019
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
 

Sign Up

Upcoming Events