
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ တွင် (၃၁-၁၀-၂၀၁၉) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၈၀၀,၀၀၀) ကျပ်၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၆၅,၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၆၅,၁၀၀) ကျပ်ကို (၁-၁၁-၂၀၁၉)ရက်နေ့ (၁၅:၀၀)အချိန်တွင်လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၈) စုစာတို့အား (၃၁-၁၀-၂၀၁၉) ရက်နေ့ (၁၅:၀၀) နာရီအချိန် လည်းကောင်း ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
#ha_fir
#tny_nov2019
Source:တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)