Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့၊ နေ့လယ်(၁:၃၀)အချိန်တွင် ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူလူထုအင်အား (၁၅၀)ဦးခန့်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာနှင့် မုန့်များဝေငှ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_feb2020

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၅-၂-၂၀၂၀)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီအချိန်မှ(၁၅:၀၀)နာရီအချိန်ထိ တမူးမြို့၊ မြို့မဘုန်းကြီးကျောင်းတိုက်တွင် တမူးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော “ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခမဲ့)သင်တန်း”မှ သင်တန်းသူ စုစုပေါင်း(၃၂)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb 2020 Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၂.၂၀၂၀) ရက်နေ့တွင် ပုလဲမြို့ ကံပေါက်ကျးရွာ အလယ်တန်းကျောင်း၌သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ ဆရာမ (၁၀)ဦး နှင့် ကျောင်းသားကျောင်းသူ(၂၃၈) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source:           ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်    Mon state DRR Working group တို့ပူးပေါင်း၍ MAPDDR(2017)ပါ သဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို (၅-၂-၂၀၂၀) ရက်နေ့(၉:၀၀)အချိန်၌ Hotel KS တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ NGO၊ INGO များ စုစုပေါင်း အင်အား (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၅-၂-၂၀၂၀)ရက်နေ့မှ (၆-၂-၂၀၂၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည် #ar #mon_feb 2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း(၅/၂ဝ၂ဝ)ဖွင့်လှစ်မှုနှင့်အနာကျက်ဆေးရည်၊ ရေသန့်ဆေးပြားများထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်း(၅/၂ဝ၂ဝ)ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ မြိုင်မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းများ စုစုပေါင်း(၇ဝ)ဦး တက်ရောက်ခဲ့ပြီးအဆိုပါအခမ်းအနား၌ မြိုင်မြို့နယ်၊ ပေါက်ရင်း ကျေးရွာနှင့်ငလင်းစေ့ကျေးရွာတို့မှ ပြောင်းရွှေ့အိမ်ထောင်စု(၁၆၈)စုအတွက် အနာကျက်ဆေးရည် (၁၀၀)ဘူး၊ ရေသန့်ဆေးပြား(၉၀၀၀)တို့အား မြိုင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb2020

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်    (၅-၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အ-ထ-က(ကာဘိုး)ကျောင်းရှိ ကျောင်းသူ/ကျောင်းသား(၃၅၀)ဦးတို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောနွေးခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_feb 2020  

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ (၃.၂.၂၀၂၀)ရက်တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ ဓမ္မာရာမကျောင်းတိုက်သို့ ထပ်တိုးရောက်ရှိယာယီခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာဖိုးငွေ(၂၉၄၀၀ိ/-)အား (၅.၂.၂၀၂၀)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #rke_feb2020 Source:           စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်ဆိုင်ရာအာမခံလုပ်ငန်းစီမံကိန်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

      ဖေဖော်ဝါရီ၅၊ နေပြည်တော် ဘေးအန္တရာယ်ဖြစ်ပွားသည့်ဒေသများရှိ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို အချိန်တိုအတွင်းပြန်လည်ထူထောင်နိုင်ရေးအတွက် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်းနှင့်စပ်လျဉ်းသည့်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်စကားပြောကြားရာ၌ ယနေ့အစည်းအဝေးသည် ဒုတိယ သမ္မတ(၂) ဦးဆောင်သော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင် ရေးဦးဆောင်အဖွဲ့စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် ဆက်စပ်ပါကြောင်း၊ ဘေးအန္တရာယ် ဖြစ်ပွားသည့် ဒေသများမှာရှိသည့် တောင်သူလယ်သမားများ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း များကို အချိန်တိုအတွင်း ပြည်လည်ထူထောင်နိုင်ရေး … Read more

  • သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအတွက် အကြိုညှိနှိိုင်းအစည်းအဝေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ရွှေကျင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရေဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် အကြိုညှိနှိိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #simex #bgo_feb2020

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ(LIFT) အဖွဲ့နှင့်တွေ့ဆုံမှုသတင်း

      ဖေဖော်ဝါရီ  ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အသက်မွေးဝမ်းကျောင်းမှုနှင့်စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ(LIFT) အဖွဲ့၏ Fund Director ဖြစ်သူ Katy Weblay ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာပါ အဓိကလုပ်ငန်းစဉ် (၈)ခုအနက် အရေးပါဆုံးဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ( MCCT)ကို … Read more

Sign Up

Upcoming Events