Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖျန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျေးရွာနေ ပြည်သူလူထု စုစုပေါင်း (၆၀) ဦးခန့်အား သဘာဝဘေးအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲများတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး အကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း … Read more

  • သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးများနှင့်ပတ်သက်၍ ပြည်သူလူထုများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယခင်စိုက်ထူထားရှိသော မီးဘေးအန္တရာယ်အသိပညာပေးဗီနိုင်းပိုစတာမှာ ဟောင်းနွမ်းဆွေးမြေ့ နေပါသဖြင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးဗီနိုင်းပိုစတာအား (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ပြောင်းလဲတပ်ဆင်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်‎ရေတိုက်းစားမှု‎ကြောင့် ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင် ကမ်းပြိုဘေးသင့် ဖြစ်ပွားခဲ့ရာ အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦး‎ရေ (၃၅) ဦးတို့အတွက် အိမ်‎ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၃၅၀၀/-) ကျပ်၊ စုစုပေါင်း (၈၇၃၅၀၀/-) ကျပ်တို့အား (၂၅-၂-၂၀၂၀) ရက်နေ့၊(၁၁:၀၀)နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူ များသည် တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၁း၀၀) နာရီမှ (၁၂း၀၀)နာရီအချိန်အထိ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာအုပ်စု၊ မြင်းကကွင်းကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သောအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗလာစာအုပ်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb 2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၌ (၂၄-၂-၂၀၂၀) ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး၊ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဒေါ်လှကေသီမာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ UNHCRအဖွဲ့အစည်းနှင့် သင်တန်းသား/သူ(၅၀)ဦး၊ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကာ သင်တန်းကို (၂၄-၂-၂၀၂၀)ရက်နေ့ မှ(၂၈-၂-၂၀၂၀)ရက်နေ့ထိ၅ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၂-၂-၂၀၂၀)ရက်နေ့တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ညောင်ပင်သာ(ပသီ)ကျေးရွာနှင့် (၂)မိုင်ခန့်အကွာ နွယ်ကိုင်းတဲစုတွင် ဖြစ်ပွားခဲ့သော တောမီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် မီးဘေးသင့် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၈၈၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀ဝ/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၄၅၈၈၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)အိမ်ထောင်စုစာ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)အိမ်ထောင်စုစာတို့အား (၂၅-၂-၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။ Source: … Read more

  • လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၅-၂-၂၀၂၀)ရက်နေ့၊ ကနီမြို့နယ်အတွင်း ကျေးရွာ(၅)ရွာတွင် လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ရန် အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ဌာနဆိုင်ရာများ၊ လှုမှုရေး အသင်းအဖွဲ့များနှင့်အတူ ကနီမြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆွေးနွေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #sgg_feb2020

  • လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများ သည် (၂၄-၂-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှ (၁၆:၃၀)နာရီအချိန်ထိ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မည့် နေအိမ်(၂၀၀)လုံးအနက် သရက်ခရိုင်၊ ထုံးတောင်ကျေးရွာအုပ်စု၊ ထုံးတောင်ကျေးရွာတွင် နေအိမ်(၂၀)လုံးအား အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ နေအိမ်များကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_feb 2020  

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ (၂၂-၂-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နဃ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသောတိုက်ပွဲရှောင်အိမ်ထောင်စု (၁၀)စု၊ ကျား(၂၂)ဦး၊ မ(၁၆)ဦး၊ပေါင်း (၃၈)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၅)အိတ်၊(၁၃)ပြည် တန်ဖိုးငွေ( ၁၅၉၆၀၀ိ/-)နှင့် (၂-၁-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နဃ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသောတိုက်ပွဲရှောင်အိမ်ထောင်စု (၁၄)စု၊ ကျား(၂၄)ဦး၊ မ(၂၉)ဦး၊ ပေါင်း (၅၃)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၁၆)အိတ်၊(၁၃)ပြည် ၊(၄)ဘူး တန်ဖိုးငွေ( ၄၇၇၀၀၀ိ/-) စုစုပေါင်းအိမ်ထောင်စု(၂၄)စု၊ ကျား(၄၆)ဦး၊ မ(၄၅)ဦး၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ (၂၅-၂-၂၀၂၀)ရက်နေ့(၁၁း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူလုထုစုစုပေါင်းအင်အား(၆၀)ဦးခန့်တက်ရောက်ခဲ့ပြီး၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_feb2020 Source:             မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events