Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မလှိုင်မြို့၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ထန်းပင်ကန်‌ကျေးရွာတွင် မတ်လ(၉)ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) ကျပ်၊ ဆန်ဖိုးငွေ လူ(၆)ဦးအတွက် (၁၂၆၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု(၁)စုစာတို့ကို မတ်လ (၁၁)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #mdy_mar2020 Source:            မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀)ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မြစ် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့သော အိမ်ခြေ (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (ပလတ်စတစ်ပုံးပါ) (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဉီးရေ (၂) ဉီး အတွက်ဆန်ရိက္ခာ(၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်း (၁၀၄၂,၀၀၀) ကျပ်အား … Read more

  • (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအတွက် (၁-၃-၂၀၂၀) ရက်နေ့မှ (၁၀-၃-၂၀၂၀) ရက်နေ့အထိ၊ (၁၀)ရက်တာ၊ ပခုက္ကူမြို့နယ်၊ ကျတ်ထိုးကျေးရွာအုပ်စု၊ ရေလာ‌ကျေးရွာအုပ်စု၊  မန်ကျည်းသုံးပင်ကျေးရွာ အုပ်စု၊ ကမ္မမြို့၊ အမှတ်(၉)နှင့် အမှတ်(၁၂)ရပ်ကွက်‌တို့တွင် ပြင်ဆင်ရန်လိုအပ်သည့် နေအိမ်အလုံး(၂၀၀) အား ရပ်ကွက်/ကျေးရွာ‌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ကမ္ဘာမြေချစ်သူများအဖွဲ့ (CSO)၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါ‌ ကြောင်း သတင်းရရှိပါသည်။ Source ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #mgy_mar2020

  • သဘာဝဘေးလျော့ပါးရေးဟောပြောပွဲသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၀-၃-၂၀၂၀)ရက် စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာတွင် ကျေးရွာသူ/သား (၁၁၁)ဦးတို့အား မနက်ပိုင်းတွင်လည်းကောင်း၊ ကျောက်တန်းကြီးကျေးရွာတွင် ကျေးရွာသူ/သား (၁၃၅)ဦးတို့အား နေ့လည်ပိုင်းတွင်လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း၊ ယမ်ယမ်ခေါက်ဆွဲထုပ်နှင့် ကော်ဖီမစ်ထုတ်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #rke_mar2020 Source:            ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၁၀-၃-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီမှ (၁၅:၃၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ (DAN)Application ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာဆွေးနွေးမှုတို့ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၆၀)ဦးခန့် တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source:           မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာအုပ်စု၊ သဲကောကြီးကျေးရွာ၌ (၆-၃-၂၀၂၀) ရက်နေ့၊ (၀၁:၅၉) အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀ဝ/-) ကျပ်နှင့် ဘေးသင့်လူဉီးရေ(၂၇)ဉီးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၆,၇၀ဝ/-) ကျပ်တို့ကို (၁၀-၃-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_mar2020 Source:           ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀) ရက် နံနက် (၁၁:ဝဝ) နာရီမှ (၁၂:ဝဝ) နာရီထိ စစ်တွေမြို့နယ်၊ သဲချောင်း(မူဆလင်) ကျေးရွာရှိလူဦးရေ (၁၀၀) ဦးအားလည်းကောင်း၊ နေ့လည်(၁၃:၃၀) နာရီမှ (၁၄:၅၀) နာရီ အထိ စစ်တွေမြို့နယ်၊ သဲချောင်း(ရခိုင်) ကျေးရွာရှိ လူဦးရေ(၇၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိနားလည်ဆောင်ရွက်နိုင်ရန် သဘာဝဘေးအသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်း နှင့် သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များအား … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ချမ်းသာကုန်း ကျေးရွာတွင် (၆-၃-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ(၁)လုံး၊ လူဦးရေ(၃)ဦး နှင့်လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ သကြားဘုရားကုန်းတွင်(၈-၃-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့ သောမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ခြေ(၁) လုံး၊ လူဦးရေ(၅) ဦးတို့အတွက် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀)ကျပ်၊ စုစုပေါင်း (၂၁၆,၈၀၀) ကျပ်အား (၁၀-၃-၂၀၂၀) … Read more

  • တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်မြို့နယ်ရှိ လူငယ်ပညာရေးအစီအစဥ်သင်တန်းကျောင်း (YEP)၌ (၁၀-၃-၂၀၂၀) ရက်နေ့တွင် “တိုင်းဒေသကြီးအဆင့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း” ကို ထား၀ယ်ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်သင်တန်းသား/သူ (၅၀) ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၁၀-၃-၂၀၂၀) ရက်နေ့မှ (၁၄-၃-၂၀၂၀)ရက်နေ့အထိ (၅) ရက်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။   #ar #tny_mar2020 Source:            တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၂၀)  ရက်နေ့ (၁၁း၀၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသောတိုက် ပွဲရှောင် အိမ်ထောင်စု (၁၀)စု၊ ကျား(၂၂)ဦး၊ မ(၁၆)ဦး၊ ပေါင်း (၃၈) ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၅)အိတ်၊ (၁၃)ပြည် တန်ဖိုးငွေ (၁၅၉,၆၀၀/-) ကျပ်အား (၂၅-၂-၂၀၂၀) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါတွင် တစ်လ ပြည့်ပြီးဖြစ်ပါသဖြင့် ဆန်ရိက္ခာ(၁)လစာ ( ၁၁) အိတ်၊(၂၁)ပြည် တန်ဖိုးငွေ … Read more

Sign Up

Upcoming Events