
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀)ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မြစ် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့သော အိမ်ခြေ (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (ပလတ်စတစ်ပုံးပါ) (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဉီးရေ (၂) ဉီး အတွက်ဆန်ရိက္ခာ(၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်း (၁၀၄၂,၀၀၀) ကျပ်အား (၁၀-၃-၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)