သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

10_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀) ရက် နံနက် (၁၁:ဝဝ) နာရီမှ (၁၂:ဝဝ) နာရီထိ စစ်တွေမြို့နယ်၊ သဲချောင်း(မူဆလင်) ကျေးရွာရှိလူဦးရေ (၁၀၀) ဦးအားလည်းကောင်း၊ နေ့လည်(၁၃:၃၀) နာရီမှ (၁၄:၅၀) နာရီ အထိ စစ်တွေမြို့နယ်၊ သဲချောင်း(ရခိုင်) ကျေးရွာရှိ လူဦးရေ(၇၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိနားလည်ဆောင်ရွက်နိုင်ရန် သဘာဝဘေးအသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်း နှင့် သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်သည်။

#ar

#rke_mar2020

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events