တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

10_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၂၀)  ရက်နေ့ (၁၁း၀၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသောတိုက် ပွဲရှောင် အိမ်ထောင်စု (၁၀)စု၊ ကျား(၂၂)ဦး၊ မ(၁၆)ဦး၊ ပေါင်း (၃၈) ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၅)အိတ်၊ (၁၃)ပြည် တန်ဖိုးငွေ (၁၅၉,၆၀၀/-) ကျပ်အား (၂၅-၂-၂၀၂၀) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါတွင် တစ်လ ပြည့်ပြီးဖြစ်ပါသဖြင့် ဆန်ရိက္ခာ(၁)လစာ ( ၁၁) အိတ်၊(၂၁)ပြည် တန်ဖိုးငွေ (၃၄၂,၀၀၀/-)ကျပ်အား (၁၀-၃-၂၀၂၀) ရက်နေ့နေ့လည်(၁၃း၀၀)နာရီတွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ အမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_mar2020

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events