လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၀-၃-၂၀၂၀)ရက် စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာတွင် ကျေးရွာသူ/သား (၁၁၁)ဦးတို့အား မနက်ပိုင်းတွင်လည်းကောင်း၊ ကျောက်တန်းကြီးကျေးရွာတွင် ကျေးရွာသူ/သား (၁၃၅)ဦးတို့အား နေ့လည်ပိုင်းတွင်လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း၊ ယမ်ယမ်ခေါက်ဆွဲထုပ်နှင့် ကော်ဖီမစ်ထုတ်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_mar2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)