
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအတွက် (၁-၃-၂၀၂၀) ရက်နေ့မှ (၁၀-၃-၂၀၂၀) ရက်နေ့အထိ၊ (၁၀)ရက်တာ၊ ပခုက္ကူမြို့နယ်၊ ကျတ်ထိုးကျေးရွာအုပ်စု၊ ရေလာကျေးရွာအုပ်စု၊ မန်ကျည်းသုံးပင်ကျေးရွာ အုပ်စု၊ ကမ္မမြို့၊ အမှတ်(၉)နှင့် အမှတ်(၁၂)ရပ်ကွက်တို့တွင် ပြင်ဆင်ရန်လိုအပ်သည့် နေအိမ်အလုံး(၂၀၀) အား ရပ်ကွက်/ကျေးရွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ကမ္ဘာမြေချစ်သူများအဖွဲ့ (CSO)၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။
Source ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#mgy_mar2020