လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ချမ်းသာကုန်း ကျေးရွာတွင် (၆-၃-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ(၁)လုံး၊ လူဦးရေ(၃)ဦး နှင့်လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ သကြားဘုရားကုန်းတွင်(၈-၃-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့ သောမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ခြေ(၁) လုံး၊ လူဦးရေ(၅) ဦးတို့အတွက် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀)ကျပ်၊ စုစုပေါင်း (၂၁၆,၈၀၀) ကျပ်အား (၁၀-၃-၂၀၂၀) ရက်နေ့၊(၁၃း၃၀) နာရီအချိန်တွင်လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌လွှတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_mar2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး