Author Archives: Department of Disaster Management

  • တာတမံတည်ဆောက်မည်ဖြစ်၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာနှင့် အောက်ပိုင်းကျေးရွာတို့၌ ပန်းတာသစ်တာတမံတည်ဆောက်ရန် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ နေအိမ်(၆၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၅၀၀,၀၀ဝ/-) ကျပ်(ခြောက်ဆယ့်ငါးသိန်းကျပ်တိတိ) ကို (၂၀-၃-၂၀၂၀)ရက်နေ့၊ (၁၅:၁၅)နာရီအချိန်တွင် မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်၊ မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မအူပင်မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများရှေ့မှောက်၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #ayy_mar2020 Source:           မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ ရေရှင်ကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၌ မြို့နယ်အဆင့်သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထုတို့နှင့် ပူးပေါင်း၍ လေပြင်းဘေးကြိုတင်ကာကွယ်ရန် နေအိမ်များ အားဖြည့်ပြုပြင်ခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #mgy_mar2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့နယ်၊ အမျိုးသားကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၉)စုမှ လူဦးရေ(၂၉)ဦး၊ ကယုချောင်းကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၄၆)ဦး၊ ဃောသိတာရုံဘုန်းတော်ကြီး ကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၃)ဦး၊ ဝိဘဇ္ဇဝါဒီကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၄၂)စုမှ လူဦးရေ(၁၃၀)ဦး၊ ဓမ္မာရာမဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၈၀)စုမှ လူဦးရေ(၃၀၆)ဦး၊ နန်းရွှေဂူဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၂၈)စုမှ လူဦးရေ(၉၃)ဦး၊ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၃)စုမှ လူဦးရေ(၁၂၉)ဦး၊ … Read more

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀) ရက်နေ့၊ (၉:၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်အုပ်စု၊ ဟိုနား(လားဟူ)ကျေးရွာ၌ သောက်သုံးရေဂါလန် (၁၂၀၀)ကိုလည်းကောင်း၊ (၁၆:၀၀) နာရီအချိန်တွင် ဟိုနား (အာခါ)ကျေးရွာ၌ သောက်သုံးရေဂါလန် (၁၂၀၀)ကိုလည်းကောင်း မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်‌ကျေးလက်ဦးစီးဌာနတို့နှင့်အတူ သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_mar2020 Source:           မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်မီးသတ်အဖွဲ့ဝင်များ၊ ဟိတပုညလူမှုရေးအသင်းအဖွဲ့များ ကျေးရွာခွဲတာဝန်ခံ ရပ်/ကျေးစာရေးများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာမှ ရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့်အတူ (၂၀-၃-၂၀၂၀) ရက်နေ့တွင် ကနီမြို့နယ်အတွင်းရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာ(၅)ရွာအနက်မှ တအုံအရှေ့ကျေးရွာနှင့် မဲဒင်ကျေးရွာများတွင် လေပြင်းဘေးကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #prep_sgw #sgg_mar2020 Source:           စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)  

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ သံဒိဇီးဖြုကုန်းကျေးရွာအုပ်စု၊ သဲဒိဇီးဖြုကုန်းကျေးရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များကို အားဖြည့်ပြုပြင်ပေးခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးပြုခြင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃)ရပ်ကွက်၊ ကပ္ပလီရပ်နှင့် ဇီးချိုင်အုပ်စု၊ ကြာကန်ကျေးရွာတို့၌ နေအိမ်များ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source:           ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖတို့နှင့်အတူ (၂၀-၃-၂၀၂၀)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စု၊‌‌ အိုင်ကြီးကျေးရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များကို အားဖြည့်ပြုပြင်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source:           မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်အဆောက်အအုံအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့ နယ်၌ (၂၀-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆:၅၀) နာရီအချိန်၌ အောင်လံမြို့နယ်၊ စမ်းချောင်း ရပ်ကွက်၊ အောင်ဇမ္ဗူ (တောရကျောင်း) တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုကြောင့် ကျောင်းဆောင် (၁) လုံး မီးလောင်ကျွမ်းခဲ့ရာ အဆိုပါ မီးဘေးသင့် ကျောင်းဆောင်(၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-) ကျပ်အား (၂၀-၃-၂၀၂၀) ရက်နေ့၊ မွန်းလွဲ(၁၅:၀၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    #ha_fir #mon_mar2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာ၌ (၁၉-၃-၂၀၂၀) ရက်နေ့ (၁၁:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ (၁) အိမ်ထောင်စာ စုစုပေါင်းတန်ဖိုးထောက်ပံ့ငွေ (၃၇,၇၅၃/-) ကျပ် အားလည်းကောင်း အဆိုပါနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ် နှင့်လူဦးရေ … Read more

Sign Up

Upcoming Events