လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်မီးသတ်အဖွဲ့ဝင်များ၊ ဟိတပုညလူမှုရေးအသင်းအဖွဲ့များ ကျေးရွာခွဲတာဝန်ခံ ရပ်/ကျေးစာရေးများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာမှ ရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့်အတူ (၂၀-၃-၂၀၂၀) ရက်နေ့တွင် ကနီမြို့နယ်အတွင်းရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာ(၅)ရွာအနက်မှ တအုံအရှေ့ကျေးရွာနှင့် မဲဒင်ကျေးရွာများတွင် လေပြင်းဘေးကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#prep_sgw
#sgg_mar2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)