မီးဘေးသင့်အဆောက်အအုံအား ထောက်ပံ့မှုသတင်း

20_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့ နယ်၌ (၂၀-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆:၅၀) နာရီအချိန်၌ အောင်လံမြို့နယ်၊ စမ်းချောင်း ရပ်ကွက်၊ အောင်ဇမ္ဗူ (တောရကျောင်း) တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုကြောင့် ကျောင်းဆောင် (၁) လုံး မီးလောင်ကျွမ်းခဲ့ရာ အဆိုပါ မီးဘေးသင့် ကျောင်းဆောင်(၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-) ကျပ်အား (၂၀-၃-၂၀၂၀) ရက်နေ့၊ မွန်းလွဲ(၁၅:၀၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘုန်းတော်ကြီးထံ သွားရောက်လှူဒါန်း ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#mgy_mar2020

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events