လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့နယ်၊ အမျိုးသားကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၉)စုမှ လူဦးရေ(၂၉)ဦး၊ ကယုချောင်းကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၄၆)ဦး၊ ဃောသိတာရုံဘုန်းတော်ကြီး ကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၃)ဦး၊ ဝိဘဇ္ဇဝါဒီကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၄၂)စုမှ လူဦးရေ(၁၃၀)ဦး၊ ဓမ္မာရာမဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၈၀)စုမှ လူဦးရေ(၃၀၆)ဦး၊ နန်းရွှေဂူဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၂၈)စုမှ လူဦးရေ(၉၃)ဦး၊ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၃)စုမှ လူဦးရေ(၁၂၉)ဦး၊ မဟာဇေယျသိဒ္ဓိပဌာန်းကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၆)စု လူဦးရေ(၄၇)ဦး၊ ငတောက်တက်ကျေးရွာ ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၀)ဦး၊ ကျက်တောပြင်ကျေးရွာ ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၅)စုမှ လူဦးရေ(၁၉)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၂၃၄)စုမှ လူဦးရေ(၈၃၂)ဦးတို့အတွက် ဆန်ရိက္ခာ (၁)လစာထောက်ပံ့ငွေ (၇,၄၈၈,၀၀၀/-) ကျပ် (ခုနှစ်ဆယ့်လေးသိန်း ရှစ်သောင်း ရှစ်ထောင်ကျပ်တိတိ) ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_otr
#rke_mar2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)