မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

20_Pic_01

#ha_fir

#mon_mar2020

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာ၌ (၁၉-၃-၂၀၂၀) ရက်နေ့ (၁၁:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ (၁) အိမ်ထောင်စာ စုစုပေါင်းတန်ဖိုးထောက်ပံ့ငွေ (၃၇,၇၅၃/-) ကျပ် အားလည်းကောင်း အဆိုပါနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ် နှင့်လူဦးရေ (၇)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၄,၇၀၀/-) ကျပ်တို့အားလည်းကောင်း (၂၀-၃-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ကလိကျွန်းကျေးရွာ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

 

Sign Up

Upcoming Events