လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးပြုခြင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃)ရပ်ကွက်၊ ကပ္ပလီရပ်နှင့် ဇီးချိုင်အုပ်စု၊ ကြာကန်ကျေးရွာတို့၌ နေအိမ်များ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#ayy_mar2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)