တာတမံတည်ဆောက်မည်ဖြစ်၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

21_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာနှင့် အောက်ပိုင်းကျေးရွာတို့၌ ပန်းတာသစ်တာတမံတည်ဆောက်ရန် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ နေအိမ်(၆၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၅၀၀,၀၀ဝ/-) ကျပ်(ခြောက်ဆယ့်ငါးသိန်းကျပ်တိတိ) ကို (၂၀-၃-၂၀၂၀)ရက်နေ့၊ (၁၅:၁၅)နာရီအချိန်တွင် မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်၊ မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မအူပင်မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများရှေ့မှောက်၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#ayy_mar2020

Source:           မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events