Author Archives: Department of Disaster Management

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါတကလဲကျေးရွာသို့ သောက်သုံးရေ ဂါလံ (၁၄၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_apr2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့တွင် မော်လိုက်မြို့နယ်၌ ဖြစ်ပွါးခဲ့သော လေပြင်းဘေးကြောင့် ကင်းတပ်ကျေးရွာအိမ်ထောင်စု(၁)စု၊ မော်လိုက်ကလေးကျေးရွာ အိမ်ထောင်စု(၂)စု၊ မကျည်းတန်းကျေးရွာအိမ်ထောင်စု(၂)စု၊ လောင်းကောင်းကျေးရွာအိမ်ထောင်စု(၁)စု စုစုပေါင်းအိမ်ထောင်စု (၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၅၀၀၀/-) ကျပ်၊ လူဦးရေ(၃၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၇၇၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၃၃၂၇၀၀/-)ကျပ်အား(၂၃-၄-၂၀၂၀)ရက်နေ့တွင် မြို့နယ်ထွေအုပ် အစည်းဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #sgg_ apr 2020

  • ကနီမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော  ကင်းကျေးရွာအုပ်စု အထက်ကင််းကျေးရွာနှင့် ကင်းကျေးရွာမှ အမိုးလန်နေအိမ် (၂၂)လုံး၊ အိမ်ထောင်စု (၂၂) စုမှ လူဦးရေ (၉၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၈၉,၀၀၀/-) အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၆၄၀,၀၀၀/-) ခုံကြီးကျေးရွာအုပ်စု ပါဟဲတောင်ကျေးရွာနှင့် ပါဟဲမြောက်ကျေးရွာမှ   အမိုးလန် နေအိမ်( ၇)လုံး၊ အိမ်ထောင်စု( ၇)စုမှ လူဦးရေ  (၂၅ )ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၅၂,၅၀၀/-) အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ လေအွမ်(ခ) ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ဖိုးငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၂၀၀/-)ကျပ်ကို (၂၂-၄-၂၀၂၀)ရက်နေ့ (၁:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #chn_ apr 2020

  • ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့ (၁၇:၁၀)နာရီတွင် ဖြစ်ပွားသော တန့်ဆည်မြို့နယ်အတွင်း လေပြင်းတိုတ်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅)အုပ်စု၌ အမိုးအကာပျက်စီးအိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၇၀,၀၀၀/-)၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေကျပ် (၁၅၀,၀၀၀/-)နှင့် အိမ်ထောင်စု(၉)စုမှ လူဦးရေ (၄၅)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေကျပ် (၉၄,၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၁၄,၅ဝဝ/-) တို့အား (၂၂-၄-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီတွင် ဘေးသင့် ဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲတောင်ပိုင်းရပ်ကွက်၊ ပုလဲမြောက်ပိုင်းရပ်ကွက်၊ လက်တောင်းကြီးကျေးရွာအုပ်စု၊ ရိုးတောင်ကျေးရွာ၊ ရိုးမြောက်ကျေးရွာ၊ ချောင်းကန်ကျေးရွာ၊  သာယာကုန်းကျေးရွာ၊ အလယ်ဘုံကျေးရွာအုပ်စု အလယ်ဘုံကျေးရွာ၊ ရွာသာကျေးရွာအုပ်စု လိန်ကုန်းကျေးရွာ၊ ရွာသာကျေးရွာ၊ ညောင်ကုန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ၊ ကံပေါက်ကျေးရွာအုပ်စု ကံပေါက်ကျေးရွာ၊ မကျီးခွကျေးရွာအုပ်စု ဇောင်ကျမ်းကုန်းကျေးရွာတို့၌ (၂၁-၄-၂၀၂၀) ရက်နေ့ (၁၇:၀၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်စုစုပေါင်း(၈၉) လုံး၊ အိမ်ထောင်စု (၈၉) စုနှင့် လူဦးရေစုစုပေါင်း (၃၇၆) ဦး‌ … Read more

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့၊ မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာ၊ မရင်းငယ်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာ တို့တွင် COVID_19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ် ခြင်းတို့အား ရပ်ကျေးအဖွဲ၊ အရန်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ သွားရောက် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_ apr 2020

  • မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာ၊ တောင်ဖီလာကျေးရွာ၊ သက္ကထီးကျေးရွာတို့၌ COVID_ 19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ဗီနိုင်းပိုစတာကပ် ခြင်းတို့ကို ရပ်ကျေးအဖွဲ၊ အရန်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_ apr 2020

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့၊ နံနက်(၁၀း၄၅)အချိန်မှ(၁၁း၄၅)အချိန်ထိ ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်၊BHN Association INGO(ဂျပန်)တို့နှင့် ပူးပေါင်း၍ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ပုန်းညှက်ရွာတွင်လည်းကောင်း၊ နေ့လည်(၁၂း၀၀)အချိန်မှ(၁၂း၃၀)အချိန်ထိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သဲကုန်းကျေးရွာတွင်လည်းကောင်း လှည့်လည်ပြီး Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_ … Read more

Sign Up

Upcoming Events