လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့တွင် မော်လိုက်မြို့နယ်၌ ဖြစ်ပွါးခဲ့သော လေပြင်းဘေးကြောင့် ကင်းတပ်ကျေးရွာအိမ်ထောင်စု(၁)စု၊ မော်လိုက်ကလေးကျေးရွာ အိမ်ထောင်စု(၂)စု၊ မကျည်းတန်းကျေးရွာအိမ်ထောင်စု(၂)စု၊ လောင်းကောင်းကျေးရွာအိမ်ထောင်စု(၁)စု စုစုပေါင်းအိမ်ထောင်စု (၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၅၀၀၀/-) ကျပ်၊ လူဦးရေ(၃၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၇၇၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၃၃၂၇၀၀/-)ကျပ်အား(၂၃-၄-၂၀၂၀)ရက်နေ့တွင် မြို့နယ်ထွေအုပ် အစည်းဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#sgg_ apr 2020