လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ကင်းကျေးရွာအုပ်စု အထက်ကင််းကျေးရွာနှင့် ကင်းကျေးရွာမှ အမိုးလန်နေအိမ် (၂၂)လုံး၊ အိမ်ထောင်စု (၂၂) စုမှ လူဦးရေ (၉၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၈၉,၀၀၀/-) အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၆၄၀,၀၀၀/-) ခုံကြီးကျေးရွာအုပ်စု ပါဟဲတောင်ကျေးရွာနှင့် ပါဟဲမြောက်ကျေးရွာမှ အမိုးလန် နေအိမ်( ၇)လုံး၊ အိမ်ထောင်စု( ၇)စုမှ လူဦးရေ (၂၅ )ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၅၂,၅၀၀/-) အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၇၅,၀၀၀/-) ကျေးရွာ(၄)ရွာအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁,၀၅၆,၅၀၀/-) အား (၂၃- ၄-၂၀၂၀)ရက်နေ့ (၀၉ ၅၀) အချိန်တွင် ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2020