လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့ (၁၇:၁၀)နာရီတွင် ဖြစ်ပွားသော တန့်ဆည်မြို့နယ်အတွင်း လေပြင်းတိုတ်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅)အုပ်စု၌ အမိုးအကာပျက်စီးအိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၇၀,၀၀၀/-)၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေကျပ် (၁၅၀,၀၀၀/-)နှင့် အိမ်ထောင်စု(၉)စုမှ လူဦးရေ (၄၅)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေကျပ် (၉၄,၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၁၄,၅ဝဝ/-) တို့အား (၂၂-၄-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီတွင် ဘေးသင့် ဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2020