လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ လေအွမ်(ခ) ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ဖိုးငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၂၀၀/-)ကျပ်ကို (၂၂-၄-၂၀၂၀)ရက်နေ့ (၁:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#chn_ apr 2020