Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့၊ နံနက်(၁၀း၄၅)အချိန်မှ(၁၁း၄၅)အချိန်ထိ ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်၊BHN Association INGO(ဂျပန်)တို့နှင့် ပူးပေါင်း၍ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ပုန်းညှက်ရွာတွင်လည်းကောင်း၊ နေ့လည်(၁၂း၀၀)အချိန်မှ(၁၂း၃၀)အချိန်ထိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သဲကုန်းကျေးရွာတွင်လည်းကောင်း လှည့်လည်ပြီး Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#rke_ apr 2020

Sign Up

Upcoming Events