လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲတောင်ပိုင်းရပ်ကွက်၊ ပုလဲမြောက်ပိုင်းရပ်ကွက်၊ လက်တောင်းကြီးကျေးရွာအုပ်စု၊ ရိုးတောင်ကျေးရွာ၊ ရိုးမြောက်ကျေးရွာ၊ ချောင်းကန်ကျေးရွာ၊  သာယာကုန်းကျေးရွာ၊ အလယ်ဘုံကျေးရွာအုပ်စု အလယ်ဘုံကျေးရွာ၊ ရွာသာကျေးရွာအုပ်စု လိန်ကုန်းကျေးရွာ၊ ရွာသာကျေးရွာ၊ ညောင်ကုန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ၊ ကံပေါက်ကျေးရွာအုပ်စု ကံပေါက်ကျေးရွာ၊ မကျီးခွကျေးရွာအုပ်စု ဇောင်ကျမ်းကုန်းကျေးရွာတို့၌ (၂၁-၄-၂၀၂၀) ရက်နေ့ (၁၇:၀၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်စုစုပေါင်း(၈၉) လုံး၊ အိမ်ထောင်စု (၈၉) စုနှင့် လူဦးရေစုစုပေါင်း (၃၇၆) ဦး‌ လေဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်အိမ်ထောင်စု (၈၉) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂,၅၇၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ(၃၇၆)ဦးအတွက် ဆန်ရိက္ခာ (၁) ပတ်စာ ထောက်ပံ့ငွေ (၇၈၉,၆၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၃၅၉,၆၀ဝ/-)ကျပ်အား (၂၂-၄-၂၀၂၀) ရက်နေ့တွင် လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့‌ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_apr2020

Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events