Author Archives: Department of Disaster Management
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူး စက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဇမ္ဗူသီရိမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင် ကျေးရွာ အုပ်စု၊ ရွှေပြည်သာကျေးရွာ၊ အင်တိုင်းသာကျေးရွာ၊ မြိုင်သာယာကျေးရွာ၊ ပိန်းချောင်းကျေးရွာ၊ ရွှေမြင့်မို ကျေးရွာနှင့် အောင်သာယာကျေးရွာများအတွင်းရှိ ပြည်သူများသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၄/၈/၁၀/၁၂)ရပ်ကွက်၊ ကျောင်းစုပတုတ်ကျေးရွာ၊ သူကြီးပတုတ်ကျေးရွာ၊ အပျိုကြီးတဲစုကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အများပြည်သူများသိရှိလိုက်နာရန် အချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များကို အသိပညာပေးနှိုးဆော် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_apr2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ မြို့သာယာကျေးရွာနှင့် တကွင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး အသိပညာပေးစာစောင်ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ ခြူးရွှေကျေးရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး COVID-19 အသိပညာပေးလက်ကမ်းစာစောင်များ (ဝဘာသာ၊ ဗမာဘာသာ) ဖြင့် ဖြန့်ဝေခြင်း၊ လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDPစခန်းများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
ဧပြီလ ၂၉ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂၅-၄-၂၀၂၀ ရက်နေ့မှ (၂၈-၄-၂၀၂၀)ရက်နေ့အထိ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကာမိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်တို့ရှိ နှစ်ခြင်း IDP စခန်း၊ RC IDP စခန်း၊ လိုင်နောင်နှစ်ခြင်း IDP စခန်း၊ နန်စီအင်ထွယ်ဆန် … Read more
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်မှစတင်၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်တို့၌လည်းကောင်း၊ သူဌေးကုန်းကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက်နေ့၊ (၁၇း၀၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ ဘုရားငူကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာ၊ သာယာကုန်းကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၆)လုံးနှင့် အမိုးလန်နေအိမ်(၇)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၇၇၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၆)စုရှိ လူဦးရေ(၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၅၀၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၈၂၇၄၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၆)အိမ်ထောင်စာအား (၂၉-၄-၂၀၂၀)ရက်နေ့ (၁၃း၃ဝ)နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့တွင် နောင်ချိုမြို့အတွင်းရှိ ဈေးရပ်ကွက်နှင့် ဘူတာရပ်ကွက်များတွင် COVID-19 ရောဂါကူး စက်ပျံ့နှံမှုများမဖြစ်ပွားစေရန် ဆောင်ရန်/ ရှောင်ရန်အချက်များကို မြန်မာဘာသာ၊ ရှမ်းဘာသာ စကားများဖြင့် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၉-၄-၂၀၂၀)ရက် နေ့တွင် လောင်းလုံးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးနှင့်ပူးပေါင်း၍ လောင်းလုံးမြို့ပေါ်တွင် ခရီးသွား ပြည်သူများအား Mask များဖြန့်ဝေခြင်း၊ Covid-19 နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင် ၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာ၊ ပြင်ကျောင်း ကျေးရွာ၊ ကြက်ယက်တွင်းကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (Covid-19) ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကော့စိန်ကျေးရွာ၊ ကော့ပေါက်ကျေးရွာနှင့် ကော့တွန်ကျေးရွာတို့တွင် ပြည်သူများကို COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်တို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_ apr 2020
